ကရင်ပြည်နယ်

အားကစားနည်း(၁၆)နည်း လူငယ်လူရွယ် ၉၅၀ ဦးဖြင့် နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်

နွေရာသီကျောင်းပိတ်အားလပ်ရက်တွင် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားကို စနစ်တကျတတ်သိနားလည်လေ့ကျင့်လာစေရန် ကရင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်ပွဲကို မတ်လ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ အောင်သံလွင်အားကစားကွင်း၌ ကျင်းပခဲ့သည်။

လှိုင်းဘွဲမြို့နယ် ထားသိမ်းကျေးရွာ၌ မီးခိုးမြူငွေ့အန္တရာယ်အကြောင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်သူများ မီးခိုးမြူငွေ့အန္တရာယ်အကြောင်းသိရှိစေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး သိရှိနိုင်စေရန်အတွက် အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ထားသိမ်ကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

လိပ်သိုဒေသတွင် ရာသီစာဆေးဖက်ဝင် မလွှပွင့်များလှိုင်လှိုင်ပွင့်ချိန် လိုက်လံကောက်ယူသူ များပြားလျက်ရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ တောတောင်များနှင့် ဥယျာဉ်ခြံများတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိနေသော မလွှပင်ကြီးများမှာ ယခုအချိန်တွင် လှိုင်လှိုင်ပွင့်နေပြီဖြစ်ရာ ရာသီစာဆေးဖက်ဝင်မလွှပွင့်များကို လိုက်လံကောက်ယူစုဆောင်းသူ များပြားလျက်ရှိနေကြောင်း သိရသည်။

နွေစပါးတစ်ဧကအထွက်နှုန်းမှန်ကန်စွာရရှိနိုင်ရေး ကရင်ပြည်နယ်နွေစပါးစံကွက်ရိတ်သိမ်း

လယ်ယာကဏ္ဍ၏ဖွံ့ဖြိုးတိုးတက်မှု၊ သီးနှံအထွက်နှုန်းတိုးတက်မှုနှင့် စားရေရိက္ခာဖူလုံမှု ရှိ/မရှိ တွက်ချက်နိုင်ရန် ကရင်ပြည်နယ်မြေစာရင်းဦးစီးဌာနမှ နွေစပါးတစ်ဧကအထွက်နှုန်းမှန်ကန်စွာရရှိနိုင်ရေး နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့မွန်းလွဲ ၄ နာရီက ဘားအံမြို့နယ်၊ ရဲသာကျေးရွာအုပ်စု၊ ကွင်းအမှတ်- ၁၁၈၈-က၊ နောင်ခရိုင်ကွင်းရှိ တောင်သူဦးမြင့်ဦး၏ ဆင်းသုခနွေစပါးစိုက်ခင်း၌ ကျင်းပခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့”အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ

၂၀၂၅ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင်ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်  ၁၁ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က သံတောင်ကြီးမြို့နယ်ပြည်သူ့ဆေးရုံတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးဒေသထွက် တောင်ယာငရုတ်သီးများဈေးကောင်းရရှိ

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့တွင် ဒေသခံပြည်သူများသည်  အသက်မွေးဝမ်းကျောင်းမှုအဖြစ် စိုက်ပျိုးရေးလုပ်ငန်းကို    အဓိကစိုက်ပျိုးလျက်ရှိရာ မိမိတို့၏မြေလွတ်မြေရိုင်းများတွင်  တောင်ယာများခုတ်ကာနှစ် ရှည်ပင်သီးနှံများဖြစ်သည့် ကွမ်းပင်၊ ဒူးရင်း၊  မင်းကွတ်၊  ဖာလာ၊ ကော်ဖီ၊ ဒညင်း စသည့်နှစ်ရှည်ပင်များနှင့်အတူ နှစ်တိုပင်သီးနှံဖြစ်သည့်   ငရုတ်ပင်များကိုလည်း စိုက်ပျိုးကြသည်။ ငရုတ်ပင်များသည်   နွေ၊  မိုး၊  ဆောင်းရာသီမရွေးဖူးပွင့်ကာ အသီးသီးလျက်ရှိပြီး   ယခုအချိန်တွင် တောင်ယာငရုတ်သီးများ ဆွတ်ခူးရောင်းချရာတွင်ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူဝင်ငွေတိုးပြီး ဒေသစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြု

ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ရဲစတိုင်း မြန်မာပြန်ရေးသားသော “မှတ်ဉာဏ်ထက်မြက်စေမည့်နည်းလမ်းများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို  ယနေ့နံနက်   ၁၁  နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ် (၂) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်/ စာစောင်များငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက လိပ်သိုမြို့ အမှတ်(၂) ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်