လိပ်သိုဒေသတွင် ခရမ်းချဉ်ပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုး
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိမိတို့၏ အိမ်ခြံဝင်းအတွင်းရှိ မြေလွတ်နေရာများ၊ တောင်ယာများနှင့် လယ်ယာများတွင် မိသားစု အထောက်အကူပြုစေရန်အတွက် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ခရမ်းချဉ်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်း သိရသည်။