သံတောင်ကြီးမြို့နယ် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ၊ ကျောင်းသူ၊ ကျောင်းသား လူငယ်လူရွယ်များအနေဖြင့် လူကုန်ကူးမှုအန္တရာယ်သိရှိစေရန်အတွက် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့၌ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။