လိပ်သိုဒေသတွင် ပေါ်ဦးပေါ်ဖျား မရမ်းသီးများ စတင်ဆွတ်ခူးရောင်းချ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် မရမ်းသီးပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြရာ ခြံပိုင်ရှင်များက ပေါ်ဦးပေါ်ဖျား မရမ်းသီးများကို ဆွတ်ခူးရောင်းချလျက်ရှိနေကြောင်း သိရသည်။