ကရင်ပြည်နယ်

လိပ်သိုမြို့တွင် ဒေသထွက်မျှစ်ချဉ်များ ရောင်းချ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မျှစ်များကို တစ်နှစ်တာပတ်လုံး စားသုံးနိုင်ရန်နှင့် မျှစ်များရှားပါးလာချိန်၌ ရောင်းချနိုင်ရန် မျှစ်ချဉ်များ ပြုလုပ်သိုလှောင်ထားကြကြောင်း သိရသည်။

သံတောင်မြို့တွင် ရော်ဘာများဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ    

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ကုန်းတောင်တန်းများထူထပ်ပြီး သဘာဝမြေဩဇာများရှိသည့်အတွက် ဒေသခံပြည်များမှာ အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းပြုကြသည်။ သံတောင်မြို့ရှိဒေသခံပြည်သူများမှာလည်း အဓိကအားဖြင့် ရော်ဘာစိုက်ပျိုးခြင်းကို  အဓိကလုပ်ကိုင်ကြသည်။ ယခုအချိန်တွင် ရော်ဘာစိုက်ပျိုးလုပ်ကိုင်သောတောင်သူများသည် အစေးလှီးခြင်းနှင့် ရော်ဘာပြားများထုတ်လုပ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်နေပြီး လိုအားကောင်းကာ ဈေးကောင်းရရှိလျက်ရှိ‌ကြောင်း သိရသည်။

ကရင်ပြည်နယ် လူငယ်စင်တာ၌ ရက်ကန်းပညာဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်

လူတစ်ဦးချင်းစီ၏ အခြေခံအရည်အချင်းများကို ပြည့်မီစေပြီး အလုပ်အကိုင်အခွင့်အလမ်းများကို မြှင့်တင်နိုင်စေရန် ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် လူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သော ရက်ကန်းပညာဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ လူငယ်စင်တာ၌ ကျင်းပသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၉) သို့ တက်ရောက်မည့် သင်တန်းသားများအား အားပေးစကားပြောကြား

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၉) (၁၁/၂၀၂၅) သို့ တက်ရောက်မည့် သင်တန်းသားများအား သင်တန်းကျောင်းသို့ မပို့ဆောင်မီ အားပေးစကားပြောကြားခြင်းနှင့် ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ် (၂၀၁)၊ ခြေမြန်တပ်ရင်း စစ်သည်ခန်းမ၌ ကျင်းပသည်။

ဘားအံမြို့၌(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည်ကျော်(၁၀)ရက်၊ ၂၀၂၅ ခုနှစ်၊ ယနေ့တွင် ကျရောက်သည့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ကော့ကရိတ်မြို့တွင်းနေ ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ပေးအပ်

‌ကော့ကရိတ်မြို့နယ်အတွင်း ပြန်လည်ဝင်ရောက်လာသော စစ်ဘေးရှောင်မိသားစုဝင်များအား နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက်  ကရင်ပြည်နယ် သာသန့ာနုဂ္ဂဟအသင်းဥက္ကဋ္ဌ ဘာသာပေါင်းစုံ ချစ်ကြည်ရေးနာယက ဦးစောမုတ်သုန်နှင့် ၇ ရက်သားသမီးများ စုပေါင်း၍  ယမန်နေ့မွန်းလွဲ ၃:၀၀ နာရီက အမှတ်(၃)ရပ်ကွက်၊ ဒေါနခန်းမ၌ အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြန့်ဝေပေးအပ်ရာ နယ်မြေခံတပ်မတော်အရာရှိကြီးများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်  ပြည်သူများ စုစုပေါင်း (၁၂၀)ဦး တက်ရောက်ကြောင်း သိရသည်။

မြဝတီမြို့၌  နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအကပြိုင်ပွဲတွင်ဆုရရှိသည့် မြဝတီခရိုင်ကိုယ်စားပြု ကရင်ရိုးရာယဥ်ကျေးမှု ဒုံးအကအဖွဲ့အား ကြိုဆိုဂုဏ်ပြု

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင်ကျရောက်သည့် နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ကရင်ရိုးရာယဥ်ကျေးမှုဒုံးအကပြိုင်ပွဲတွင် ရာဓညာ(ဆုတောင်းစကား) (ပထမ)ဆု နှင့် ဘက်စုံဒုံးအက (တတိယ)ဆုရရှိသည့် မြဝတီခရိုင်ကိုယ်စားပြု ကရင်ရိုးရာယဉ်ကျေးမှုဒုံးအက အဖွဲ့ကို ယမန်နေ့မွန်းလွဲ (၂:၀၀) အချိန်၌ ခရိုင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကော်ပိုးရေးရှင်း လုပ်ငန်းရုံးအရှေ့မှစတင်၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအထိ အမှတ် (၁)၊ (၂) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာအဖွဲ့များဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

ဘားအံမြို့တွင် မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၅ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်မိတ်ဆက်

မြန်မာသတင်းမီဒီယာသမားများအတွက်၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်စာအုပ် မိတ်ဆက်ခြင်းအခမ်းအနားကို ဘားအံမြို့ အမှတ် (၄) ရပ်ကွက်၊ သီရိလမ်းရှိ ကရင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနလူထုအ‌ခြေပြုဗဟိုဌာန၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။

ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ကျရောက်မည့် ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အခမ်းအနားနှင့်ကောက်သစ်စားပွဲကို ဘားအံမြို့ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ကျင်းပရေးဦးစီးကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

မြဝတီမြို့တွင် (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ကရင်ပြည်နယ်