ကရင်ပြည်နယ်

လိပ်သိုမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲဖြေဆို

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲ (ပဉ္စမနေ့) ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့၊ မြို့မဈေးမီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်မှုသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့(ဃ)ရပ်ကွက်အတွင်းရှိစည်ပင်သာယာမြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်မှု သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

မြဝတီမြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ပပျောက်စေရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း Online လိမ်လည်မှုလုပ်ငန်းများ ပပျောက်စေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ၌ အမှတ်(၄)ရပ်ကွက်၊ မြန်မာ-ထိုင်း အမှတ်.(၂)ချစ်ကြည်ရေးတံတားလမ်းရှိ မြို့တော်ခန်းမတွင် online လိမ်လည်မှု ပပျောက်စေရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

နည်းပညာတက္ကသိုလ်(ဘားအံ) (၂၀)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာတက္ကသိုလ်(ဘားအံ)၏ (၂၀)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်အားပေး ချီးမြှင့်ခဲ့ကြသည်။

၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားဖူဆယ် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာန‌ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်းအချိန်က ဘားအံမြို့၊ ပြည်နယ်ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘားအံမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာ၌ ရှမ်းအမျိုးသားနေ့အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ရှမ်းတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုစရိုက်လက္ခာဏာများ၊ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်သောအားဖြင့် ရှမ်းတိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်အခါသမယဖြစ်သော ရှမ်းအမျိုးသားနေ့အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌  စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘားအံပညာရေးဒီဂရီကောလိပ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘားအံပညာရေးဒီဂရီကောလိပ်၏ အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များအနေဖြင့် ပြည်ထောင်စုအမွေအနှစ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်မှာ တိုင်းရင်းသားပြည်သူအားလုံးတို့၏ တာဝန်ပင်ဖြစ်ကြောင်း သိရှိစေရန်ရည်ရွယ်၍ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ ရောင်းချမှုရှိစေရေး ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့်စစ်ဆေး

ကရင်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ဘားအံမြို့ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ဘားအံမြို့၊ ကမ်းနားမုန့်ဈေးတန်းရှိ အစားအသောက်ရောင်းချသည့်ဆိုင်များအား ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်းနှင့် အစားသောက်ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ မီးခိုးမြူငွေ့အန္တရာယ်လျှော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကရင်ပြည်နယ် ဘားအံမြို့၌ တောမီးနှင့်အခြားမီးများကြောင့် လောင်ကျွမ်းမှုအရေအတွက် များနေခြင်းအား လျှော့ချနိုင်ရေးအတွက် ဘားအံမြို့နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးခိုးမြူငွေ့အန္တရာယ်လျှော့ချရေး စုပေါင်းအားဖြင့်ဆောင်ရွက်စို့ ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပွဲကို ဘားအံမြို့နယ်၊ ဇာသပြင်စံပြကျေးရွာ (အရှေ့) ဘုန်းကြီးကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်