လှိုင်းဘွဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအလယ်တန်း (Grade-9) နှင့် မူလတန်း (Grade-5) အတွက် မြို့နယ်အဆင့် ဆင့်ပွား၊ အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) နှင့် အခြေခံပညာမူလတန်းအဆင့် (Grade-5) စာမေးပွဲမေးခွန်းအတွက် မြို့နယ်အဆင့် ဆင့်ပွား၊ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၁ ရက်နေ့ နှင့် ၁၂ ရက်နေ့တို့တွင် လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။