ကရင်ပြည်နယ်၏ခရီးသွားလုပ်ငန်း ၁၀၀ ရာခိုင်နှုန်းကျော်တိုးတက်
ကရင်ပြည်နယ်၏သာယာလှပသည့် ရေ၊မြေ၊တော၊တောင်သဘာဝရှုခင်းများ၊ လှိုဏ်ဂူများ၊ရေတံခွန်၊ စိမ့်စမ်းများ၊ တိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ရာသီအလိုက်ပွဲတော်များနှင့် အရင်းအမြစ်အခြေခံကောင်းများပေါကြွယ်ဝမှုတို့ကြောင့် ခရီးသွားလုပ်ငန်း ၁၀၀ ရာခိုင်နှုန်းကျော် တိုးတက်လာကြောင်းယနေ့နံနက် ၉ နာရီက ဘားအံမြို့၊ ကန်သာဦးခန်းမ၌ ကျင်းပသည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ)သင်တန်း(၃)မျိုးဆင်းပွဲမှ သိရသည်။