ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ဆောင်းသီးနှံမြေပဲများအထွက်နှုန်းကျဆင်း
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းနှင့်တွဲဖက်ကာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော မြေပဲနှင့်နှမ်းစိုက်ပျိုးသည့်လုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် မိုးများသည်းထန်စွာ ရွာသွန်းသဖြင့် မြေပဲအထွက်နှုန်း ကျဆင်းကာ မျိုးအနေဖြင့်သာရရှိကြောင်း ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။