မြဝတီမြို့ ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ (၄၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကျင်းပ
ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၌ ဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့ ထွန်းလင်းစေရန်အတွက် (၄၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါစေတီတော်မြတ်ကြီးမြောက်ဘက်မုခ် မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးဝတ်တော်အတွင်း ကျင်းပခဲ့သည်။