မြဝတီမြို့နယ်အတွင်းရှိ သောက်သုံးရေ ဖြန့်ဝေရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် သောက်သုံးရေဖြန့်ဝေပေးသည့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။