ကျုံဒိုးမြို့၌ အခြေခံပညာအလယ်တန်း/မူလတန်းအဆင့် သင်ကြားသင်ယူမှု ထိရောက်ရေး ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ အလယ်တန်း/မူလတန်းဆင့် သင်ကြားသင်ယူမှု ထိရောက်ရေး ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉:၀၀ နာရီ အချိန်က ကျုံဒိုးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ကျင်းပရာ ကော့ကရိတ်ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျုံဒိုးမြို့အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် သင်တန်းသား/ သင်တန်းသူ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။