သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club/ Youth Club များ စာဖတ်ဝိုင်း ပြုလုပ်
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်း၊ အဆိုး၊ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာ ဒေါက်တာမတင်ဝင်း၏ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးခြင်းစာအုပ်အား ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။