သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ခရစ္စမတ်အခမ်းအနားပြုလုပ်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်မည့် ခရစ္စမတ်နေ့ကို ကြိုဆိုသောအားဖြင့် သံတောင်ကြီးမြို့ အခြေခံပညာအထက် တန်းကျောင်းဝင်း မိုးလုံလေလုံ အားကစားခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က ခရစ္စမတ်နေ့ဝတ်ပြုခြင်းအခမ်းအနားကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။