ကရင်ပြည်နယ်

လိပ်သိုမြို့တွင် အသင်းတော်အခြေပြု ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေး (ECCD) ကျောင်းဆင်းပွဲနှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းအခမ်းအနား ပြုလုပ်

ဂေခိုဂေဘားနှစ်ခြင်းသာသနာ လိပ်သိုမြို့ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၉ နာရီခွဲက အသင်းတော်အခြေပြုကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေး (ECCD) ကျောင်းဆင်းပွဲနှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီခရိုင်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာသိကောင်းစရာ အသိပညာပေးတိုးမြှင့်ဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ လမ်းအသုံးပြုသူ မော်တော်ယာဉ်၊  မော်တော်ဆိုင်ကယ် မောင်းနှင်သူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများ သိရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေဖားစည် (မိုတယ်) ၌ အမှတ် (၇၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဟောပြောပေးခဲ့ရာ  ရွှေမြဇော်စင်းလုံးငှားသုံးဘီးယာဉ်အသင်းသား ၆၅ ဦး တက်ရောက်ကြသည်။

သံတောင်ကြီးဒေသထွက် ရာသီစာ ဒရင်ကောက်ပင်များ လိုက်လံချိုးယူရောင်းချသူများပိုများလာ

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးဒေသသည်‌  တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုအချိန်တွင် အလုပ်အကိုင်များ ရှားပါးလာသည်နှင့်အားလျော်စွာ မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် ဥယျာဉ်ခြံအတွင်းရှိ ချောင်းငယ်များ၏ ဘေးပတ်ဝန်းကျင်တစ်လျောက်နှင့် လယ်ကွက်များတွင် သဘာဝအတိုင်း ပေါက်‌ရောက်သည့် ဒရင်ကောက်ပင်များကို လိုက်လံချိုးယူရောင်းချသူများ ပိုများလာကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ယာဉ်စည်းကမ်း လမ်းစည်းကမ်း” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်ပြီး သိရှိလိုက်နာ ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ  ၂ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ယာဉ်စည်းကမ်း လမ်းစည်းကမ်း” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်ပြီး သိရှိလိုက်နာ ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ  ၂ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စကောကရင်ဘာသာ ကဗျာရွတ်ပြိုင်ပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကရင်တိုင်းရင်းသားအများစုနေထိုင်သည့် ဒေသဖြစ်သည့်အားလျော်စွာ ကျောင်းသူ/ကျောင်းသားများအနေဖြင့်  မိမိတို့၏ ဘာသာစကားများ တတ်မြောက်စေရန် ရိုးရာဓလေ့ထုံးတမ်း ယဉ်ကျေးမှုများကို သိရှိပြီး အလေးထားတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စကောကရင်ဘာသာရွတ်ပြိုင်ပွဲ ဒီဇင်ဘာ ၈ ရက်နေ့ နံနက် (၉) နာရီ အချိန်တွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကျင်းပ

ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာရေးလေ့ကျင့်ခန်းများဆောင်ရွက်ခြင်းဖြင့် တစ်ဦး တစ်ယောက်ချင်းစီမှသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ဒီဇင်ဘာ လူထုအားကစားလ ပထမပတ် စုပေါင်းလူထု လမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲက ဘားအံမြို့၊ သီရိကွင်းရှေ့၌ ကျင်းပခဲ့သည်။

လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာတွင် မိုးစပါးစံကွက်ရိတ် တစ်ဧက ၁၁၁ ဒဿမ ၁၅ တင်းထွက်ရှိ

ကရင်ပြည်နယ်တွင် ယခုနှစ်မိုးစပါးဧက လေးသိန်းနှစ်သောင်းခုနှစ်ထောင်ကျော် စိုက်ပျိုးခဲ့ပြီး တစ်ဧက အထွက်နှုန်းမှန်ကန်စွာရရှိနိုင်ရေး ကောင်း၊ သင့်၊ ညံ့ ကိုယ်စားပြုအလွှာလိုက်ခွဲခြားပြုစု၍ ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက်နည်းလမ်းအလိုက် စံကွက်ပေါင်း ၁၀၅၃ ကွက်ကို ရိတ်သိမ်းသွားမည်ရာ ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်မြေစာရင်းဦးစီးဌာနမှ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ၊ ထီလုံအလယ်ကွင်းရှိ တောင်သူ ဦးရာမူး၏ မိုးစပါးဆင်းသုခစိုက်ခင်း၌ စံကွက်ရိတ်သိမ်းရာ တစ်ဧက ၁၁၁ ဒဿမ ၁၅ တင်းထွက်ရှိကြောင်း သိရသည်။

မြဝတီခရိုင်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြော

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်တို့ပူးပေါင်း၍ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းနှင့် မူလွန်(မြဝတီ)ကျောင်းတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to ကရင်ပြည်နယ်