လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာတွင် မိုးစပါးစံကွက်ရိတ် တစ်ဧက ၁၁၁ ဒဿမ ၁၅ တင်းထွက်ရှိ
- Read more about လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာတွင် မိုးစပါးစံကွက်ရိတ် တစ်ဧက ၁၁၁ ဒဿမ ၁၅ တင်းထွက်ရှိ
ကရင်ပြည်နယ်တွင် ယခုနှစ်မိုးစပါးဧက လေးသိန်းနှစ်သောင်းခုနှစ်ထောင်ကျော် စိုက်ပျိုးခဲ့ပြီး တစ်ဧက အထွက်နှုန်းမှန်ကန်စွာရရှိနိုင်ရေး ကောင်း၊ သင့်၊ ညံ့ ကိုယ်စားပြုအလွှာလိုက်ခွဲခြားပြုစု၍ ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက်နည်းလမ်းအလိုက် စံကွက်ပေါင်း ၁၀၅၃ ကွက်ကို ရိတ်သိမ်းသွားမည်ရာ ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်မြေစာရင်းဦးစီးဌာနမှ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ၊ ထီလုံအလယ်ကွင်းရှိ တောင်သူ ဦးရာမူး၏ မိုးစပါးဆင်းသုခစိုက်ခင်း၌ စံကွက်ရိတ်သိမ်းရာ တစ်ဧက ၁၁၁ ဒဿမ ၁၅ တင်းထွက်ရှိကြောင်း သိရသည်။