ပိုင်ကျုံမြို့၌ ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်အတွင်းတွင် ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရေးနှင့် မိသားစုဝင်ငွေ တစ်ဖက်တစ်လမ်းမှ တိုးပွားရရှိစေရေးတို့အတွက် ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီခွဲက ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။