ကရင်ပြည်နယ်

မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်း ပူဇော်

ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)၌ မသိုးသင်္ကန်းဆက်ကပ် လှူဒါန်းပူဇော်ပွဲကို ယမန်နေ့ နံနက် ၆ နာရီက အဆိုပါ စေတီတော်မြတ်ကြီး ဓမ္မဗိမာန်တော်အတွင်း ကျင်းပသည်။

သံတောင်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကျောင်းသူ/ကျောင်းသားများ အမျိုးသားနေ့အကြောင်း ဖြစ်ပေါ်လာပုံသိရှိစေရန်၊ စာပေစွမ်းရည်တိုးတက်မြှင့်မားစေရန်ရည်ရွယ်၍ သံတောင်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.ကကျောင်းဝင်းရှိ မိုးလေလုံအားကစားခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံသား (၃)ဦးအား နွေးထွေးစွာ ပြန်လည်ကြိုဆိုလက်ခံ

ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူသားလုံခြုံရေးဝန်ကြီးဌာနလက်အောက်ရှိ Chiang Rai တွင် လက်ခံစောင့်ရှောက်ထားသူများအနက် မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စိစစ်အတည်ပြုချက်ရရှိပြီး လူကုန်ကူးခံရသူ အမျိုးသားသုံးဦးတို့အား မဲဆောက်မြို့၊ တပ်(ခ်)ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာသို့  လွှဲပြောင်းပေးအပ်သည်။

ရေကြီးနစ်မြုပ်ပျက်စီးလယ်မြေများတွင် ဆောင်းဆီထွက်သီးနှံမြေပဲများ ပြန်လည်အစားထိုးစိုက်ပျိုး

ကရင်ပြည်နယ်အတွင်း ယခုနှစ်တွင် နှစ်ကြိမ်တိုင်တိုင်ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး မုန်တိုင်းရာဂီ၏သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းတို့၏အရှိန်ကြောင့် မိုးစပါးဧက ၃၅၃၉၁ ဧက ရေနစ်မြုပ်ခဲ့ပြီး ၃၁၂၉၆ ဧက ထိခိုက်၍ ၁၄၄၆၁ ဧက ဒုတိယအကြိမ် ထပ်မံပျက်စီးခဲ့ရကာ မိုးစပါးပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိသည့်လယ်မြေများတွင် ဆောင်းဆီထွက်သီးနှံမြေပဲများ ပြန်လည်အစားထိုးစိုက်ပျိုးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ဘားအံမြို့၊ အ-ထ-က(ထုံးအိုင်)ကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဘားအံမြို့နယ်၊ အ-ထ-က(ထုံးအိုင်)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသထွက် ကွမ်းသီးအခြောက်များ ဈေးနှုန်းမြင့်တက်လာ၍ ကွမ်းသီးခြံပိုင်ရှင်များ အဆင်ပြေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသနေပြည်သူများမှာ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးပင်စိုက်ပျိုးသည့် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး  ဒေသထွက်ကွမ်းသီးအခြောက်များ ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ  စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စဉ်ဆက် မပြတ် စာအုပ်/စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို  ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်  ဒေသနေပြည်သူနှင့် ကျောင်းသား/သူများအနေ ဖြင့်လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်နှင့် အသိပညာဗဟုသု တရရှိစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်း ကလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပြိုင်ပွဲနှင့် ဒုံးအကပြိုင်ပွဲ ကြည့်ရှုအားပေး

ကရင်တိုင်းရင်းသားတို့၏ (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်ကို မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ ကရင်ရိုးရာဒုံးအကပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများဖြင့် ဘားအံမြို့၊ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာဆင်ယင်ကျင်းပလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ အထူးစာချုပ်စိန်ခေါ်ပွဲများကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
Subscribe to ကရင်ပြည်နယ်