ကရင်ပြည်နယ်

(၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွန်းညကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၏ ပညာမြင့်မိုရ် နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်

နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ လွန်းညကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၏ ပညာမြင့်မိုရ် (၁၄၀x၃၀)RCCနှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါကျောင်း ဆောင်သစ်ရှေ့၌ ကျင်းပခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  အသိပညာပေးလုပ်ငန်းများကို  စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ် စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော ဆောင်းသီးနှံမြေပဲများ အောင်မြင်ဖြစ်ထွန်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ဒေသ နေပြည်သူအများစုသည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းနှင့်တွဲဖက်ကာ ဆီထွက်သီးနှံ တစ်မျိုးဖြစ်သော မြေပဲနှင့်နှမ်းစိုက်ပျိုးသည့် လုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် မြေပဲများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့မှာ ကျရောက်မည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးအကကြိုတင်လေ့ကျင့်ပြင်ဆင်နေကြသည့် ဒုံးအဖွဲ့များမှတာဝန်ရှိသူများ၏ စကားသံများ

ကျွန်မကတော့ နော်ကြူကြူသန်းဖြစ်ပါတယ်။ (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားနှင့် ပျော်ပွဲရွှင်ပွဲအထောက်အကူပြုလုပ်ငန်းကော်မတီ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒုံးပြိုင်ပွဲတွေ ကျင်းပနိုင်ဖို့အတွက် တိုင်းရင်းသားရေးရာဝန်ကြီးရဲ့ ဦးဆောင်မှုဖြင့် ကျေးရွာပြည်သူ လူထုနှင့် ချိတ်ဆက်ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဒုံးအကပြိုင်ပွဲ (၁၉)ဖွဲ့ ပါဝင်ယှဉ်ပြိုင် ကြမှာဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒုံးတစ်ဖွဲ့လျှင် ငွေကျပ်သိန်း(၁၀၀)၊ ဆန်(၁၀)အိတ်၊ ဆီ (၂၀) ပိဿာ ထောက်ပံ့ပေးပါတယ်။ ပြိုင်ပွဲမကျင်းပမီ ဒုံးအဖွဲ့တွေကို စုဆောင်း ရပါတယ်။ စုဆောင်းပြီးရင် ပြိုင်ပွဲကျင်းပနိုင်ဖို့အတွက် ပွဲစဉ်ဇယားများရေးဆွဲပြီး အစည်းအဝေးကို (၂)ကြိမ်ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲစဉ်ဇယားတွေကိုတော့ နိုင်ဝင်ဘာလ(၅)ရက်ကနေ့ (၁၀)ရက် နေ့ထိပြိုင်ဖို့ ပွဲစဉ်ဇယားများဆွဲပေးရပါတယ်။ ဒုံးအကပြိုင်ပွဲမှာ ဘက်ဆုံထူးချွန်ဆုလည်း လျာထားပါတယ်။ ဒုံးအကဘက်ဆုံဆုရယ်၊ တေးသီချင်းဆုရယ်၊ ဆုတောင်းတေးဆုရယ် ဆုများချီးမြှင့်ဖို့ လျာထားပါတယ်။ ပြိုင်ပွဲဝင်အားလုံးကို အထူးဆုများပေးသွားမှာဖြစ်ပါတယ်။ ကရင်တိုင်းရင်းသားလူငယ်တွေကို ရိုးရာအကတွေ လက်ဆင့်ကမ်းပေးနိုင်အောင် နှစ်စဉ်နှစ်တိုင်း ဒုံးအကပြိုင်ပွဲများကို ကျင်းပလျက်ရှိပါတယ်။ ဒါမှလည်း ဒြပ်မဲ့ယဉ်ကျေးမှုဖြစ်တဲ့ ကရင်ရိုးရာ ဒုံးအကကို ဆက်လက်ထိန်းသိမ်း နိုင်မှာဖြစ်ပါတယ်။ ဒီလိုအကပြိုင်ပွဲတွေ ကျင်းပတဲ့အခါ အတီးပညာပိုင်းဆိုင်ရာတွေလည်း ပါလာပါတယ်။ ဒုံးအကတွေမှာ တူရိယာ(၈)မျိုးနဲ့ တီးရပါတယ်။ ဒါကလည်းဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ လူငယ်တွေကို လက်ဆင့်ကမ်း နိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။

(၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိဇံမွေးမြူရေးဇုန် ကျောက်ချောလမ်းသစ်များဖွင့်၊ တောင်သူများအား ဆီထွက်နေကြာမျိုးစေ့၊ မတ်ပဲ၊ ပဲတီစိမ်းမျိုးစေ့များထောက်ပံ့

 (၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မိဇံမွေးမြူရေးဇုန် ကျောက်ချောလမ်းသစ်များဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါ ကျောက်ချောလမ်းသစ်များမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

(၆၉) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရသဝေါအင်း ကန်ပတ်လမ်းသစ်ဖွင့်

(၆၉) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်သော ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု၊ ရသဝေါအင်း ကန်ပတ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါကန်ပတ်လမ်းသစ်မုခ်ဦးတည်နေရာ၌ ကျင်းပသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့်နှင့် (၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နည်းပညာတက္ကသိုလ်(ဘားအံ)၌The Project Show and Competition 2024 ပြပွဲ၊ ပြိုင်ပွဲကျင်းပ

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့်နှင့် (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ်(ဘားအံ)၌ (၂၀၂၃-၂၀၂၄)ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများ၏ The Project Show and Competition 2024 ပြပွဲ၊ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် နည်းပညာတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာ အောင်ဇော်လတ်တို့က အဆိုပါ The Project Show and Competition 2024 ပြပွဲ၊ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လေ့လာသည့်အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ နည်းပညာတက္ကသိုလ် (ဘားအံ)မှ ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများနှင့် စုပေါင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ ရသေ့ပျံ-တောကြီးကုန်း ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

နိုဝင်ဘာလ (၇)ရက်နေ့တွင် ကျရောက်မည့် (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ ရသေ့ပျံ-တောကြီးကုန်းကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဥယျာဉ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်

ဘားအံမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ် ဘဏ္ဍာရန်ပုံငွေ(၁၈၁၄)ကျပ်သန်းဖြင့်  ကွန်ကရစ်လမ်း(၁၈)လမ်း၊ လမ်းအရှည်(၃မိုင် ၁ဖာလုံ)၊ တံတား(၂၀)စင်း၊ ရေပေးဝေရေးနှင့်အခြားလုပ်ငန်း(၄၂)ခုတို့ကို ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီက (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဥယျာဉ်လမ်း ကွန်ကရစ်လမ်းသစ် ကို ဖွင့်လှစ်ခဲ့သည်။

ကရင်ပြည်နယ်အတွင်း ဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းများအား ဂုဏ်ပြု၊ (၇၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ကလပ်ကန်ပတ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုနှင့် ရာဂီမုန်တိုင်းအရှိန်တို့ကြောင့် ဘေးဒဏ်သင့်ခဲ့သည့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုသည့်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
Subscribe to ကရင်ပြည်နယ်