ကရင်ပြည်နယ်

(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၁၀) အခြေခံပညာမူလတန်း(လွန်)ကျောင်း တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်လှစ်

နိုဝင်ဘာလ(၇)ရက်နေ့တွင်ကျရောက်မည့် (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ အမှတ်(၁၀)အခြေခံပညာမူလတန်း(လွန်)ကျောင်း၏ တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါကျောင်းဆောင်သစ်၌ ကျင်းပသည်။

ကမ္ဘောဒီးယားနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ပြည်တွင်းမှအလှူရှင်များက လွိုင်ကော်မြို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၃)ခုသို့ ဘုရားဆင်းတုတော်၊ သင်္ကန်း၊ ဆန် နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့

ကမ္ဘောဒီးယားနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ပြည်တွင်းမှအလှူရှင်များက လွိုင်ကော်မြို့ ရေဘေးသင့်ပြည်သူများအား ဘုရားဆင်းတုတော်၊ သင်္ကန်း၊ ဆန်နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ သာသနာ့ဗိမာန် တော်ကြီး၊ ဥတ္တရာရုံပရိယတ္တိစာသင်တိုက်နှင့်ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ ကျင်းပခဲ့သည်။

မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲမင်္ဂလာအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါစေတီတော်မြတ်ကြီး၏ မြောက်ဘက်မုခ် မဟာမြတ်မုနိ ရုပ်ပွားတော်မြတ်ကြီးဝင်းအတွင်း ကျင်းပသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေမှုများအား ကြည့်ရှုအားပေး

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ကရင်ပြည်နယ်ကိုယ်စားပြု အားကစားသမားများစေလွှတ်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုများရရှိနိုင်ရေး အားကစားနည်းအလိုက် ဘားအံမြို့ပေါ်ရှိ အားကစားကွင်း၊ အားကစားရုံများတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ကရင်ပြည်နယ်ကိုယ်စားပြုအောင်ပွဲရပြိုင်ပွဲဝင်များအား ဂုဏ်ပြုကြိုဆို

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကရင်ပြည်နယ်ကိုယ်စားပြု အောင်ပွဲရပြိုင်ပွဲဝင်များသည် အောက်တိုဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့သို့ပြန်လည်ရောက်ရှိလာရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာရှိ ရေဘေးသင့်ခဲ့ကြသောပြည်သူများအတွက် အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း၍ ဆေးကုသပေး

ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်နယ်ပြည်သူ့ဆေးရုံးကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာ၊ ဆရာမများစုပေါင်း၍ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ အထက်ဘုန်းတော်ကြီးကျောင်း၌ စက်တင်ဘာလအတွင်းက ရေဘေးသင့်ခဲ့ကြရသည့် ပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုအကူအညီများပံ့ပိုးဆောင်ရွက်ပေးနိုင်စေရေးအတွက် ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့က ကွင်းဆင်းဆေးကုသပေးခဲ့ကြကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာရှိ ရေဘေးသင့်ခဲ့ကြသောပြည်သူများအတွက် အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း၍ ဆေးကုသပေးခြင်းများဆောင်ရွက်

ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့်  ပြည်နယ်ပြည်သူ့ဆေးရုံးကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာ၊ ဆရာမများစုပေါင်း၍   လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ အထက်ဘုန်းတော်ကြီးကျောင်း၌ စက်တင်ဘာလအတွင်းက ရေဘေးသင့်ခဲ့ကြရသည့်ပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုအကူအညီများ ပံ့ပိုးဆောင်ရွက်ပေးနိုင်စေရေးအတွက် ယမန်နေ့က ကွင်းဆင်းဆေးကုသပေးခဲ့ကြကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ပေါ်ဒေသဖြစ်၍ မိုးရာသီကာလတွင် တောင်ကျရေများ စီးဆင်းမှုကြောင့် မြေပြိုခြင်းနှင့် ရေကြီးမှုများဖြစ်ပေါ်တတ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုနှင့် ရာဂီမုန်တိုင်းအရှိန်တို့ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ပိုင်ကျုံမြို့ရှိ  ရော်ဘာစိုက်တောင်သူများ မိုးရာသီကုန်ဆုံးချိန်၌  ရော်ဘာစေးခြစ်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ခြံလုပ်ငန်း များဖြစ်သည့် ရော်ဘာစိုက်ပျိုးခြင်းလုပ်ငန်းများကိုလည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်