ဘားအံမြို့ သီရိကွင်း၌ သီတင်းကျွတ်လပြည့်နေ့အထိမ်းအမှတ် မီးပုံးပျံကြီးများလွှတ်တင်ပူဇော်၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ပူဇော်ကန်တော့
ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက ဘားအံမြို့ သီရိကွင်း၌ကျင်းပရာ မီးပုံးပျံကြီး အလုံး(၃၀)ကို တပျော်တပါးစုပေါင်းလွှတ်တင်ပူဇော်ခဲ့ကြသည်။