ကရင်ပြည်နယ်

မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိပါဠိတော်  (၅)ရက်တိုင်တိုင်  ရွတ်ဖတ်ပူဇော်မည်

ကရင်ပြည်နယ်၊ မြဝတီမြို့၏  ကျက်သရေဆောင်  ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်   ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ နတ်ကောင်းနတ်မြတ်တို့၏ စောင့်ရှောက်မှုကိုရရှိကာ ဘေးရန်အသွယ်သွယ်မှ လွတ်ငြိမ်းစေရန်အတွက် ဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါစေတီတော်မြတ်ကြီး   မြောက်ဘက်မုခ် မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီး ဝတ်တော်အတွင်း ကျင်းပခဲ့သည်။

မြို့နယ်အလိုက် သီးထပ်စွမ်းအားပြိုင်ပွဲ၊ သီးနှံစိုက်ပြိုင်ပွဲများကျင်းပ၍ ထူးချွန်ဆုများချီးမြှင့်မည်

ဒေသတွင်း နေ့စဉ်စားသုံးလျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို စွမ်းအားပြည့်လုပ်ကိုင်ထုတ်လုပ်နိုင်ရန် ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးတိုးတက်မှုကြီးကြပ်ရေးလုပ်ငန်းကော်မတီ၏ (၅/၂၀၂၄)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘားအံ၌ ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းဆင်းပွဲနှင့် ပညာရေးဘွဲ့ B.Ed(၄/၂၃)ဒုတိယနှစ် (စာပေးစာယူ)သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ်ဓမ္မစကူးလ်ကော်မတီတို့ ကြီးမှူးကျင်းပသော ဓမ္မစကူးလ်ဖောင်ဒေးရှင်း(၁၃၆၁)ကြိမ်မြောက် မူလတန်းအဆင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းနှင့် (၇၇)ကြိမ်မြောက် သူငယ်တန်း(KG)အဆင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဆေးဝင်္ကဘာကျောင်းတိုက်၌ ကျင်းပသည်။

ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် လူငယ်ရေးရာနှင့်ပတ်သက်သော အကြောင်းအရာများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဓမ္မကထိကဗဟုဇနဟိတဓရ သီရိပျံချီဘဒ္ဒန္တကဝိဓဇ၏ ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနား တက်ရောက်

ပြည်နယ်ဩဝါဒစရိယ ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓမ္မကထိကဗဟုဇနဟိတဓရ သီရိပျံချီဘဒ္ဒန္တကဝိဓဇ၏ သက်တော် (၈၆) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ၊ သာသနဇောတိကအုဌ်ကျောင်း (ရာပြည့်) အထိမ်းအမှတ်နှင့် ကထိန်အလှူတော်မင်္ဂလာအခမ်းကို ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ မဲဘောင်ကျောင်းတိုက်၊ သာသနဇောတိကအုဌ်ကျောင်း၌ ဆင်ယင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ဖူးမြော်ကြည်ညို၍ ကထိန်လျာဉာတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

သီတင်းကျွတ်လပြည့်အဘိဓမ္မာအခါတော်နေ့တွင် သံဃပဝါရဏာ သိမ်ဆင်းလောင်းလှူ၊ ဆီမီး (၉၀၀၀) ထွန်းညှိပူဇော်၊ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကား

ပြည်နယ်ဩဝါဒစရိယ ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓမ္မကထိကဗဟုဇနဟိတဓရဘဒ္ဒန္တကဝိဓဇ အမှူးပြုသော ဆရာတော်၊သံဃာတော်များသည် ဝါလကင်းလွတ်သီတင်းကျွတ်လပြည့်နေ့ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဘားအံမြို့ မဲဘောင်ကျောင်းတိုက်၌ သံဃပဝါရဏာပြုတော်မူကြရာ ကရင်ပြည်နယ်အစိုးရအဖွဲ့မှဦးစီး၍ သံဃပဝါရဏာ သိမ်ဆင်းလောင်းလှူခဲ့ကြသည်။

မြဝတီမြို့ ရွှေကုက္ကိုမြိုင် အခြေခံပညာအထက်တန်းကျောင်း၏ ထာဝရချစ်သူ သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့ ရွှေကုက္ကိုမြိုင် အခြေခံပညာအထက်တန်းကျောင်း၏ ထာဝရချစ်သူ သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့်ပညာရေးဌာနသို့  လွှဲပြောင်းပေးအပ်ပွဲ  အခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းဆောင်ရှေ့ မျက်နှာစာတွင် ကျင်းပခဲ့ရာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေး အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်စောချစ်သူ၊ ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ကျောင်းဆောင်သစ်အား မင်္ဂလာအချိန်တွင် စက်ခလုတ်နှိပ်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

မြဝတီမြို့ရှိ တန်ခိုးကြီးဘုရားများတွင် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားများပြား

မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၌ ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများ၊ ဥပုသ်သီတင်းသီလဆောက်တည်သူများနှင့် စတုဒီတာကျွေးမွေးသူများဖြင့် စည်ကားများပြားလျက် ရှိသည်။

မြဝတီမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ရွှေမြင်းဝန်စေတီတော်မြတ်ကြီးတွင် စုပေါင်းဆွမ်းတော်ကြီး ကပ်လှူပူဇော်

ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ရွှေမြင်းဝန် စေတီတော်မြတ်ကြီးအား စုပေါင်းဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၆ နာရီက အဆိုပါစေတီတော်မြတ်ကြီး မြောက်ဘက်မုဒ်၊ မဟာမြတ်မုနိရုပ်ပွားတော်ဝတ်အတွင်း ကျင်းပသည်။
Subscribe to ကရင်ပြည်နယ်