ဘားအံမြို့၌ မြစ်ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်အတွက် ထောက်ပံ့ငွေ သွားရောက်ပေးအပ်
ကရင်ပြည်နယ်၊ ဘားအံမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဘားအံမြို့နယ် ခဲတောက်ကျေးရွာအုပ်စု၊ ခဲတောက်ကျေးရွာတွင် စက်တင်ဘာ လ(၁၈)ရက်နေ့က သံလွင်မြစ်ရေမြင့်တက်လာပြီး မြစ်ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်အတွက် ထောက်ပံ့ ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။