ကရင်ပြည်နယ်

ပိုင်ကျုံမြို့ရှိ အခြေခံပညာကျောင်းများ၌  အသိပညာပေး ဟော‌ပြောပွဲနှင့်နံရံကပ်စာစောင်များ ပြသဆောင်ရွက်

ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်မြှင့်တင်စေရေးနှင့် အသိပညာဗဟုသုတပိုမိုရရှိစေရန် ရည်ရွယ်၍ ယမန်နေ့က ပိုင်ကျုံမြို့ရှိ အ-မ-က ပိုင်ကျုံ မြန်မာစုကျောင်းနှင့် အ-မ-က တနင်းဖလုံကျောင်းတို့၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် ဒေသထွက်ကွမ်းသီးခြောက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉) အုပ်စုရှိရာ တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်သည့်မြို့ဖြစ်သည်။ ဒေသနေပြည်သူအများစုမှာ တစ်ပိုင်တစ်နိုင်ဉယျာဉ်ခြံမြေလုပ်ငန်းကို နှစ်စဉ်လုပ်ကိုင်လျက်ရှိရာ ကွမ်းသီးပင်စိုက်ပျိုးသည့်လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအချိန်တွင် ဒေသထွက်ကွမ်းသီးအခြောက်များ ရောင်းချပြီး မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။

သံတောင်ကြီးဒေသထွက် ချဉ်ပေါင်ဖာလာသီးအထွက်နှုန်း ကျဆင်းသည့်အတွက် ဈေကောင်းရရှိရန် မျှော်လင့်

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းကျောင်းအဖြစ် ဉယျာဉ်ခြံလုပ်ငန်းများဖြစ်သည့် ကွမ်းသီး၊ တညှင်း၊ ဒူးရင်း၊ ကော်ဖီ၊ မင်းကွတ် စသည်တို့ကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ အသက်မွေးဝမ်းမှုအဖြင့် ဖာလာစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး ချဉ်ပေါင်ဖာလာသီးများ အထွက်နှုန်းလျော့နည်းသည့်အတွက် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် ထမုံကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ထမုံကျေးရွာ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်ဦးမွန်နှင့် ဝန်ထမ်းများ ယမန်နေ့နေ့လည် ၁ နာရီအချိန်တွင်  မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကရင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော၊ စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်နေသော ရှေ့တန်းရောက်မြန်မာ့တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေး

ကရင်ပြည်နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသားလူငယ်များ  ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရေး ပြိုင်ပွဲများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကျောင်းသားလူငယ်များအား အချိန်ကိုအကျိုးရှိ စွာအသုံးချတတ်လာစေရေးနှင့် ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့က ပြိုင်ပွဲများ ဆောင်ရွက်ခဲ့သည်။

လိပ်သိုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်းရင်းနှီးစေရန်အတွက် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျောင်း သား၊ ကျောင်းသူများနှင့်ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော “ရည်မှန်းချက်ရှိရမယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို  မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ခလောက်ထောင်ရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်

ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသတွင်း ငါးစားသုံးမှု ဖူလုံပိုလျှံရေး၊ ငါးသယံဇာတများရေရှည် တည်တံ့ရေး၊ ကျေးလက်နေပြည်သူများ ငါးရိက္ခာကို ပိုမိုစားသုံးနိုင်ရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ရေးတို့ကိုရည်ရွယ်၍ သဘာဝမြစ်ချောင်း၊ အင်းအိုင်ဆည်တမံများအတွင်း နှစ်စဉ်ငါးမျိုးများစိုက်ထည့်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီက ဘားအံမြို့နယ်၊ ခလောက်ထောင်ကျေးရွာအုပ်စု၊ ခလောက်ထောင် ရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ဘားအံမြို့နယ်တွင် ကောက်ကွက် (၈၅၅) ကွက်၊ စာရင်းစစ်၊ စာရင်းကောက် (၃၉၀) ဦးဖြင့် သန်းခေါင်စာရင်း ကောက်မည်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အိမ်ထောင်စုစာရင်းကောက်ကွက်ပေါင်း (၈၅၅)ကွက်၊ စာရင်းစစ်(၉၈) ဦး၊ စာရင်းကောက်(၂၉၂)ဦး စုစုပေါင်းစာရင်းစစ်/စာရင်းကောက်(၃၉၀)ဦးဖြင့် လူဦးရေးနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကို ကောက်ယူသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီက ဘားအံ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲမှ သိရသည်။
Subscribe to ကရင်ပြည်နယ်