ကရင်ပြည်နယ်

ဘားအံမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများမှ ရေဘေးရှောင်ပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာထက် ၉၄၁ စင်တီမီတာသို့ ကျော်လွန်ပြီး မြစ်ရေလျှံတက်မှု ဖြစ်ပွား၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေနစ်မြုပ်မှု ဖြစ်ပွားလျက်ရှိရာ ပြည်သူ(၈၀၀၀)ကျော်အား ယာယီရေးဘေးကယ်ဆယ်ရေးစခန်း(၂၀)၌ ပြောင်းရွှေ့နေရာချထားကြောင်း သိရသည်။

ကမမောင်းမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဒေသခံပြည်သူများ ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိသည့် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ လှူဒါန်းသည့် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား အသင့်စားခေါက်ဆွဲခြောက်ထုပ်များ သွားရောက်လှူဒါန်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာအုပ်စု၌ သံလွင်မြစ်‌ရေ၏ စိုးရိမ်ရေအမှတ် (၉၆၀) စင်တီမီတာကို ကျော်လွန်၍ ယမန်နေ့က (၁၂၁၀) စင်တီမီတာသို့ ရောက်ရှိခဲ့သဖြင့် ကျေးရွာနေပြည်သူများက ရွှေဂွန်းကျေးရွာအထက်ဘုန်းတော်ကြီးကျောင်း၊ မြတ်မင်္ဂလာဘုန်းတော်ကြီးကျောင်း၊ Cyclone Shetter၊ ကားဝင်းကြီးဆိုင်ခန်း၊ ရတနာမွန်ဘုန်းတော်ကြီးကျောင်းစသည့် ရေဘေးကယ်ဆယ်ရေးစခန်း(၅)ခုတို့၌  အိမ်ထောင်စု စုစုပေါင်း (၁၂၆၉) စု၊ လူဦးရေ စုစုပေါင်း(၁၆၉၂)ဦးတို့မှာ ယာယီရေဘေးရှောင်နေကြရကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ရေဘေးရှောင်စခန်းများ၌ ပြောင်းရွှေ့နေရာချထားပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ မိုးများ အဆက်မပြတ် သည်းထန်စွာ ရွာသွန်းနေမှုကြောင့် မြို့ပေါ်ရပ်ကွက်အများစုနှင့် ကျေးရွာများအတွင်းရှိ နေအိမ်အများစုမှာ ရေဝင်နစ်မြုပ်မှုဖြစ်ပွားသည့်အတွက် ရေဘေးသင့်ပြည်သူများအား နယ်မြေခံတပ်မတော်သားများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များက ရေဘေးရှောင်စခန်းများသို့ ယာယီပြောင်းရွှေ့ပေးနေလျက်ရှိကြောင်း သိရသည်။

ဘားအံမြို့၌ သံလွင်မြစ်ရေ စံချိန်တင်မြင့်တက်၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လိုအပ်သည့်ကူညီထောက်ပံ့ရေး လုပ်ငန်းများဆောင်ရွက်ပေး

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ယမန်နေ့နံနက် ၆ နာရီခွဲအချိန် တိုင်းတာချက်များအရ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၅၁ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၀၁၈ ခုနှစ်တွင် အများဆုံးမြင့်တက်ခဲ့ သော ၉၃၈ စင်တီမီတာအထက်ကျော်လွန်၍ စံချိန်တင်မြင့်တက်ခဲ့ရာ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများအား လိုအပ်သည့်ကူညီထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ကမမောင်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်မှုကြောင့် လူဦးရေ(၁၃၂၈)ဦးခန့်အား ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ယာယီပြောင်းရွှေ့ထား

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်မှုကြောင့် လူဦးရေ(၁၃၂၈)ဦးခန့်အား ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ယာယီပြောင်းရွှေ့ထားကြောင်း ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့၌ တံတားနှင့် စာသင်ကျောင်းများပျက်စီးမှုဖြစ်ပွား

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ဇူလိုင်လ ၂၆ ရက်နေ့တွင် တံတားနှင့်စာသင်ကျောင်းများ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေချောင်း ရေများ မြင့်တက်လာပြီး အနိမ့်ပိုင်းလူနေရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လာကာ ဆက်လက်နေထိုင်ရန်မသင့်တော် တော့သည့်အတွက် ယာယီရေဘေးကယ်ဆယ်ရေး စခန်းများဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ရာ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများအား သွားရောက် တွေ့ဆုံအားပေး၍ စားသောက်ကုန်ပစ္စည်းများနှင့်ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့၍ သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ပြည်သူ(၅၀၀၀)ကျော် ရေဘေးလွတ်ရာများသို့ ပြောင်းရွေ့နေရာချထားပေး

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေလျံတက်မှုများကြောင့် စိုးရိမ်ရေအမှတ် (၇၅၀)စင်တီမီတာအထက် ကျော်လွန်ပြီး (၉၀၀) စင်တီမီတာသို့ ရောက်ရှိခဲ့ရာ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် လူနေအိမ်များသို့ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

မြဝတီမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့၍ သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် ပြည်သူ (၄၀၀၀) ကျော် ရေဘေးလွတ်ရာသို့ ပြောင်းရွေ့နေရာချထားပေး

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး သောင်ရင်းမြစ်ရေလျှံတက်မှုကြောင့် စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာထက် ကျော်လွန်ခဲ့ရာ ဇူလိုင် ၂၅ ရက်နေ့ ညနေပိုင်းမှစတင်ကာ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် လူနေအိမ်များသို့ ရေစတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်