ရှမ်းရွာသစ်မြို့တွင် မိုးများသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများတိုက်စားမှုကြောင့် ပေ(၃၀)တံတားတစ်စင်းချဉ်းကပ်လမ်းပြိုကျမှုဖြစ်ပွား
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဇူလိုင်လ(၂၅)ရက်နေ့မှစ၍ မိုးများသည်းထန်စွာ ရွာသွန်းလျက်ရှိပြီး တောင်ကျရေများတိုက်စားမှုကြောင့် ရှမ်းရွာသစ်မြို့နှင့် မဲကတောခီးကျေးရွာကို ဆက်သွယ်ထားသည့် တံတားတစ်စင်းချဉ်းကပ်လမ်း ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။