မြဝတီမြို့ အ.ထ.က(၁)၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး အတွေးအခေါ် မှန်ကန်စေရေး လူငယ်စကားဝိုင်း ကျင်းပ
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးပြီး အတွေးအခေါ် မှန်ကန်စေရေး ရည်ရွယ်ချက်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြဝတီမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်၌ ကျင်းပသည်။