ကရင်ပြည်နယ်

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club အဖွဲ့ဝင်များက စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးသိရှိလာစေရန်နှင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်ပြီး Book Club အဖွဲ့ဝင်များက စာရေးဆရာခင်စေတင့်၏ “စွန့်စားမှုဆီသို့ခြေတစ်လှမ်း” စာအုပ်အား ယနေ့နံနက်(၉)နာရီအချိန် ကသံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန်၊ အသိပညာ ဗဟုသုတတိုးပွားစေရန်အတွက် စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် စာဖတ်သူများ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်ရန်  ယနေ့ နံနက် (၉) နာရီအချိန်က နယ်လှည့်စာကြည့်တိုက်ကို သံတောင်ကြီးမြို့ ရပ်ကွက်(၄) ၌ ကွင်းဆင်း၍ စာအုပ်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

တောင်ကလေးပရိယတ္တိစာသင်တိုက် နာယကဆရာတော် ဘဒ္ဒန္တပညာသာမိ(တောမှီရဟန်း)၏ (၆၄)နှစ်မြောက် ဝိဇာတမွေးနေ့မင်္ဂလာအထိမ်းအမှတ် အသစ်ဆောက်လုပ်လှူုဒါန်းသည့် သိမ်တော်၊ ဆွမ်းစားဆောင်၊ ဆွမ်းချက်ဆောင်နှင့် မော်တော်ယာဉ် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာ နာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သီရိပျံချီဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) အရှင်သူမြတ်၏ (၆၄) နှစ်မြောက် ဝိဇာတမွေးနေ့မင်္ဂလာအထိမ်းအမှတ်အနေဖြင့် ဘားအံမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် အလှူရှင်ဥူးဓမ္မကိတ္ထိနှင့် ဒေါ်ဓမ္မကေသရီ(တောင်ကလေးကျောင်း)မိသားစုတို့က ဆောက်လုပ်လှူဒါန်းသည့် သိမ်တော်၊ ဆွမ်းစားဆောင်၊ ဆွမ်းချက်ဆောင်နှင့် မော်တော်ယာဉ် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အသစ်ဆောက်လုပ်လှူဒါန်းသည့် ဆွမ်းစားဆောင်၌ ကျင်းပရာ ပြည်နယ်ဩဝါဒါစရိယ ဇွဲကပင်တောင်ကျောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ဓမ္မကထိကဗဟုဇနဟိတဓရ သီရိပျံချီဘဒ္ဒန္တ ကဝိဓဇ အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြသည်။

ကျုံပျော်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပ

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

ကရင်ပြည်နယ်အတွင်း ပျိုးပင်ပေါင်းတစ်သိန်းရှစ်သောင်းခြောက်ထောင်ကျော် စိုက်ပျိုးပြီးစီး

ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် ပျိုးပင်ပေါင်း နှစ်သိန်းခုနှစ်သောင်းကျော် စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါ ပျိုးပင်ပေါင်း တစ်သိန်းရှစ်သောင်းခြောက်ထောင်ကျော် စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ယနေ့နံနက် ၇ နာရီက ဘားအံမြို့နယ် တောင်ကလေးတိုးချမြို့ပြအိမ်ရာစီမံကိန်းဧရိယာရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်အဆင့် မိုးရာသီ(တတိယအကြိမ်) သစ်ပင်စိုက်ပွဲမှ သိရသည်။

မြဝတီမြို့၌ သဘာဝဘေးအရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ပစ္စည်း၊ယန္တရား) စုဖွဲ့မှုဖြင့် သဘာဝဘေးဇာတ်တိုက်လေ့ကျင့်

သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေး၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ သဘာဝဘေးအရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ပစ္စည်း၊ယန္တရား)စုဖွဲ့မှုဖြင့် သဘာဝဘေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက် ဘောလုံးကွင်းနှင့် သောင်ရင်းမြစ်ကမ်းဘေးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း လက်ရက်ကန်း(၆)လသင်တန်းဆင်း

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(ဘားအံ)၏ လက်ရက်ကန်း(၆)လသင်တန်း (ပထမအကြိမ်)ဆင်းပွဲနှင့် လက်ရက်ကန်း(၆)လ သင်တန်း(ဒုတိယအကြိမ်)ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးသူငယ်များနှင့် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဒေသခံပြည်သူများ၊ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် စာဖတ်သူများ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်ရန် ယနေ့နံနက်(၉) နာရီအချိန်က နယ်လှည့်စာကြည့်တိုက်ကို သံတောင်ကြီးမြို့ ရပ်ကွက်(၃)၌ ကွင်းဆင်း၍ စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ အခြေခံပညာမူလတန်းကျောင်းတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက်(၉)နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
Subscribe to ကရင်ပြည်နယ်