လှိုင်းဘွဲမြို့တွင် တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ခြင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းအခမ်းအနား ကျင်းပ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်မှုဆန်းစစ်ခြင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က လှိုင်းဘွဲမြို့ (က)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။