ဘားအံမြို့၌ လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် လုပ်သားလမ်းရေမြောင်းပလက်ဖောင်း ပြုလုပ်ခြင်းဖွင့်ပွဲ ကျင်းပ
(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသေားအားဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ငွေလုံးငွေရင်းနှင့် ဖြည့်စွက်ရန်ပုံငွေ (၂၆၈၇ ဒဿမ ၉) သန်းဖြင့် ဘားအံမြို့၊ အမှတ် (၆) ရပ်ကွက်၊ သီရိလမ်းဘေးဝဲယာကားပါကင်နေရာတိုးချဲ့ခြင်း၊ ရေမြောင်းပလက်ဖောင်းပြုလုပ်ခြင်းနှင့် လုပ်သားလမ်းရေမြောင်းပလက်ဖောင်းပြုလုပ်ခြင်း ဖွင့်ပွဲကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၇ နာရီခွဲက အဆိုပါလမ်းဆုံနေရာ၌ ကျင်းပသည်။