မြဝတီမြို့တွင် မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးလုံခြုံရေး စစ်ဆေး
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီ၌ ခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးမင်းဇော်ဦးဆောင်၍ အမှတ် (၄) ရပ်ကွက်ရှိ ခရိုင်ကော်မရှင်ရုံးနှင့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲပေးစက် ထားရှိသည့် အမှတ် (၄) ရပ်ကွက် ရဲစခန်းဝင်းတို့၌ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။