ကရင်ပြည်နယ်

(၈၁)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရားအတွင်း-ခရားအပြင်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ယူဆောင်ရွက်သော ခရားအတွင်း-ခရားအပြင် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မတ် ၁၇ ရက် နံနက် ၇ နာရီခွဲက ကျင်းပသည်။

မြဝတီမြို့၊ ရွှေမြင်းဝန်စေတီတော်မြတ်ကြီးအတွင်းရှိ အဆင့်မြင့်သန့်စင်ခန်း (ကုဋီ)တည်ဆောက်ပြီးစီးခြင်း အထိမ်းအမှတ် ရေစက်ချတရားတော်နာ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ အမှတ်(၄)ရပ်ကွက်၊ ရွှေမြင်းဝန်ဆံတော်ရှင် စေတီတော်မြတ်ကြီးသို့ လာရောက်သည့် ဘုရားဖူးလာပြည်သူများ၊ ရဟန်းရှင်သံဃာတော်များ အဆင်ပြေစွာ အသုံးပြုနိုင်ရေးအတွက် ဗုဒ္ဓကလျာဏယုဝအသင်းမှ ဦးဆောင်၍ အလှူရှင်ဒါယကာ၊ ဒါယိကာမများ စုပေါင်းလှူဒါန်းသည့် အဆင့်မြင့်သန့်စင်ခန်း (ကုဋီ) တည်ဆောက်ပြီးစီးခြင်း အထိမ်းအမှတ် ရေစက်ချတရားတော်နာ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀:၀၀)နာရီ၌ ​အဆိုပါ စေတီတော်မြတ်ကြီးအတွင်းရှိ သာသနာ့ဟိတကာရီဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။

ကမမောင်းမြို့တွင် အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်စာမေးပွဲ  ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဘာသာရပ်ဆက်လက်ဖြေဆို

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလျက်ရှိပြီး ယနေ့မတ်လ ၁၇ ရက်နေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဘာသာရပ်ကို အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိသည်။

ကော့ကရိတ်မြို့နယ်၌  တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်များ ဆက်လက်ဖြေဆို

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊နယ်၌ အ.ထ.က-၂ စာစစ်ဌာနတစ်ခုဖြင့်ကျင်းပရာ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသူ၊ ကျောင်းသား(၁၃၇)ဦးရှိကြောင်း သိရသည်။

မြဝတီမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (Grade -12) ဇီဝဗေဒဘာသာရပ်နှင့် ဘောဂ​ဗေဒဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆို

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (Grade -12) ဇီဝဗေဒဘာသာရပ်နှင့် ဘောဂ​ဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီတွင် အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။

ကရင်ပြည်နယ်အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကရင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ(၃)တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။

လှိုင်းဘွဲမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ(Grade-12) ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆို

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့နံနက်ပိုင်းတွင် လှိုင်းဘွဲမြို့အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဘားအံမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို အေးချမ်းစွာဖြေဆို

၂၀၂၆ ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁) ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဘားအံမြို့ရေကြီးရေလျှံမှု လျော့နည်းစေရေး တရုတ်လှကျွန်းနှင့် ကော့ဂွန်းကြား သံလွင်မြစ်သောင်တူးခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်က ရေအရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)သောင်တူးဌာနခွဲမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဘားအံမြို့ ရေကြီးရေလျှံမှု လျော့နည်းစေရေးအတွက် တရုတ်လှကျွန်းနှင့် ကော့ဂွန်းကြား သံလွင်မြစ်သောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ယမန်နေ့ညနေပိုင်းအချိန်က ရေယာဉ်ဖြင့် သွားရောက်ကာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်နယ်ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်စိုးမှ လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ အားရှင်းလင်းတင်ပြသည်။

ကော့ကရိတ်မြို့နယ်၌ ရူပဗေဒဘာသာရပ်နှင့်သမိုင်းဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုပြီးစီး

၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ရက်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်အတာဖြင့် အမြို့မြို့ အနယ်နယ်၌ ကျင်းပဆောင်ရွက်လျက်ရှိရာ ကော့ကရိတ်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းစာစစ်ဌာနတွင်လည်း မတ် ၁၆ရက်နံနက်ပိုင်းက ရူပဗေဒဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၃၂)ဦး နှင့် သမိုင်းဘာသာရပ်ဖြေဆိုသူ (၅ )ဦး၊စုစုပေါင်း (၁၃၇)ဦးဝင်ရောက်ဖြေဆိုကြသည်။
Subscribe to ကရင်ပြည်နယ်