ဘားအံတက္ကသိုလ်၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မြို့အင်္ဂါရပ်များနှင့်အညီ Green City , Clean City ဖြစ်စေရေးအတွက် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ ဘားအံတက္ကသိုလ်၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။