ကော့ကရိတ်မြို့၌ မဲဆန္ဒရှင်အမည်စာရင်းမြေပြင်အမှန် ပြည့်စုံမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူ
၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေငြာပေးလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုမှုအပြင် မိမိမဲစာရင်းပါမပါအားသိရှိနိုင်ရန်အတွက် ယနေ့နံနက် ၁၀ နာရီက ကေ့ာကရိတ်မြို့ ရပ်ကွက်/ကျေးရွာအုပ်စု တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။