မြဝတီမြို့တွင် သဘာဝဘေးအန္တရာယ် အသိပညာပေး နှိုးဆော်ဆောင်ရွက်လျက်ရှိ
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ပြည်သူများ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများသိရှိစေရန်ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ကြီးမှူး၍ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။