အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘားအံခရိုင်အတွင်းသို့ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်ပွဲသို့ တက်ရောက်၍ ဘားအံခရိုင်အတွင်း ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု (၉၅၉၀)စု၊ လူဦးရေ(၄၀၂၈၄)ဦးအတွက် ၂၀၂၅ ခုနှစ် ဧပြီ၊မေ၊ဇွန်(၃)လ အတွက် တစ်ဦးလျှင်တစ်လနှစ်သောင်းကျပ်နှုန်းဖြင့် (၃)လစာထောက်ပံ့ငွေကျပ် ၂၄၁၇၀၄၀၀၀ဝိ/-(နှစ်သောင်းလေးထောင်တစ်ရာ့ခုနှစ်ဆယ်သိန်းလေးသောင်းကျပ်)ကို ထောက်ပံ့ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။