ကရင်ပြည်နယ်

သံတောင်ကြီးမြို့နယ်တွင် ထောပတ်သီးများ အထွက်နှုန်း လျော့နည်းသော်လည်း ဈေးကောင်းရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အသက်မွေးမှုအဖြင့် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံဖြစ်သော ထောပတ်သီးပင်များကို မိမိတို့ဥယျာဉ်ခြံများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ ယခုအချိန်တွင် ထောပတ်သီးများပေါ်ချိန်တွင် အထွက်နှုန်း လျော့နည်းသော်လည်း ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

ကေ့ာကရိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုနည်း အမှတ်စဉ်(၂/၂၀၂၅) ဆင့်ပွားသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း အမှတ်စဉ်(၂/၂၀၂၅) ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကော့ကရိတ်မြို့ ဒေါနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြဝတီမြို့ သောင်ရင်းမြစ်ရေ ဒုတိယအကြိမ် ပြန်လည်မြင့်တက်၍  ရေဘေးကယ်ဆယ်ရေးစခန်း (၈)ခုရှိ ရေဘေးသင့်ပြည်သူ (၄၂၀၀) ဦးအားအုပ်ချုပ်/ထောက်ပံ့၊ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ သောင်ရင်းမြစ်ရေအမှတ်သည်(၃၀-၇-၂၀၂၅)ရက်နေ့ညနေ ၄ နာရီအချိန်အထိ(၁၃၄၀) စင်တီမီတာသို့ရောက်ရှိပြီး စိုးရိမ်ရေမှတ်အထက် (၃၇၇) စင်တီမီတာသို့ ပြန်လည်​ရောက်ရှိ၍မြေနိမ့်ပိုင်းရှိ ​ရေဘေးသင့်ပြည်သူများမှ ရေဘေးကယ်ဆယ်ရေးစခန်း(​၈)ခုတွင် ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများရရှိရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်စာအုပ်စာစောင်များကို အခမဲ့ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စောင်များ သွားရောက်ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသထွက်မျှစ်များ လှိုင်လှိုင်ပေါ်ချိန်၌ ဈေးနှုန်းကျဆင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ သစ်၊ ဝါးများ သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်လျက်ရှိရာ မိုးတွင်းအချိန်တွင် သဘာဝအတိုင်းအလေ့အထ ပေါက်သည့်ရာသီစာ မျှစ်များ ချိုးယူရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး  နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့်  လူကုန်ကူးမှုအန္တရာယ် သိရှိစေရန်အတွက်  လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့၌  ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာဖေမြင့်၏ စဉ်းစားခြင်းစာအုပ်အား ယမန်နေ့ မွန်းလွဲ ၂နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌  စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့တွင်သံလွင်မြစ်ရေမြင့်တက်မှုကြောင့်ယာယီကယ်ဆယ်ရေးစခန်း(၂၄)ခု ဖွင့်လှစ်ပြီး ရေဘေးသင့် ပြည်သူ ၁၀၃၉၅ ဦးအား ပြောင်းရွှေ့ထား

ကရင်ပြည်နယ်၊ ဘားအံမြို့တွင်  မိုးများအဆက်မပြတ်ရွာသွန်းပြီး  သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ပြီး မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်လျှက်ရှိသည့် ရေဘေးသင့်ပြည်သူ ၁၀၃၉၅ဦးအား ယာယီကယ်ဆယ်ရေးစခန်း(၂၄)ခုတို့တွင် ပြောင်းရွှေ့နေရာချထားပေး ကြောင်းသိရသည်။

လိပ်သိုဒေသ၌ တိုင်းရင်းကြက်များ စီးပွားဖြစ်တိုးချဲ့မွေးမြူလာ

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုဒေသရှိ ဒေသခံများမှာ အိမ်မွေးတိုင်းရင်းကြက်များကို တစ်နိုင်တစ်ပိုင်မွေးမြူလာခဲ့ကြရာမှ ယခုအခါ မိသားစုဝင်ငွေတိုးပွားရရှိရန် စနစ်တကျ တိုးချဲ့မွေးမြူလာကြကြောင်းသိရသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ် အမှတ် (၂) တပ်နယ်တို့က ရွှေဂွန်းကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် ရိက္ခာများ ကူညီထောက်ပံ့ပေး

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ်  နယ်ခြားစောင့်တပ်များ ကွပ်ကဲရေးနှင့်အကြံပေးအဖွဲ့ အမှတ် (၂) တပ်နယ်မှူး ဗိုလ်မှူးကြီး စောကြာအင်းတို့က လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာအုပ်စုရှိ ရေဘေးသင့်ပြည်သူများအတွက်  ဆန်၊ ဆီ၊ ကြက်ဥ စသည့်စားနပ်ရိက္ခာများကို ကူညီထောက်ပံ့ပေးခဲ့သည်။
Subscribe to ကရင်ပြည်နယ်