ကော့ကရိတ်မြို့တွင် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
မြို့အင်္ဂါရပ်နှင့်အညီ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ အညစ်အကြေးများကင်းစင်ပြီး သန့်ရှင်းသာယာလှပစေရေး၊ မိုးရာသီသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် စက်တင်ဘာ ၆ ရက်နေ့ နံနက် ၇ နာရီက ကော့ကရိတ်မြို့၊ ပြည်သူ့ဆေးရုံ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ကြကြောင်း သိရသည်။