မြဝတီမြို့၌ စွန့်ပစ်ပလတ်စတစ်ပစ္စည်း ကုန်ကြမ်းများကို အသုံးပြု၍ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်
ပြည်သူလူထုတစ်ရပ်တစ်ရပ်လုံး၏ လူမှုစီးပွားဘဝတိုးတက်စေရေးအတွက် ဒေသထွက်ကုန်ကြမ်းများကို အသုံးပြုကာ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးကိုလည်း အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေး အထောက်အကူပြုလျက်ရှိသည်။ ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ရွှေဟင်္သာလမ်းတွင်တည်ရှိသည့် သန့်စင်ပြီး ကော်ဖြတ်စလုပ်ငန်းမှ ပိုင်ရှင် ဦးအေးမင်းထိုက်နှင့် တွေ့ဆုံမေးမြန်းထားမှုအား တင်ပြလိုက်ရပါသည် -