ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအခြေခံသင်တန်းများဖွင့်လှစ်
နွေရာသီကျောင်းအားလပ်ရက်များတွင်ကျောင်းသား၊ ကျောင်းသူများအချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျောင်းသား၊ကျောင်းသူ ၁၄၀ ဖြင့် မတ် ၁၀ ရက် နံနက်ပိုင်းက အခြေခံကွန်ပျူတာသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီ သင်တန်းတို့ကိုဖွင့်လှစ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများတက်ရောက်အားပေးချီးမြှင့်သည်။