ကရင်ပြည်နယ်

ကော့ကရိတ်မြို့နယ်တွင်  “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

 ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ လ(၂၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်ကို ယနေ့နံနက် ၇ နာရီက ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့မဈေးရှေ့ နှင့်လူစည်ကားရာနေရာတို့တွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က ဖြန့်ဝေဆောင်ရွက်ကြကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာရေးသည် လူသားတိုင်းအတွက် မဖြစ်မနေသတိပြုကြရမည်ဖြစ်ကြောင်း ဒေသနေပြည်သူများ သိရှိစေရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဒီဇင်ဘာ ၄ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ လှာကာအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

သံတောင်ကြီးမြို့နယ်တွင် လူရည်ချွန်စာမေးပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန် ရွေးချယ်စာမေးပွဲကို ယမန်နေ့နံနက် (၉) နာရီက သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသထွက် ကော်ဖီမှုန့်စစ်စစ်များ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိမိတို့၏ ဥယျာဉ်ခြံများတွင် ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးထားကြပြီး ထွက်ရှိလာသော ကော်ဖီစေ့များကို အမှုန့်ကြိတ်၍ ရောင်းချခြင်းဖြင့် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကုန်းကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧကအထွက်နှုန်း ၁၁၅ ဒဿမ ၇၀ တင်းထွက်ရှိ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း မိုးစပါးတစ်ဧကအထွက်နှုန်းမှန်ကန်စွာရရှိနိုင်ရေး ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက်နည်းလမ်းအလိုက် စံကွက်များ ရိတ်သိမ်းလျက်ရှိရာ ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက ဒိုင်းပြကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၅၄၇၊ ဦးပိုင်အမှတ် ၁၃၊ မြေကွက်အမှတ် ၁၂၇ တောင်သူဒေါ်နှင်းမှုံ၏ လယ်မြေရှိ မိုးစပါး (အောင်နိုင်တိုး)ကို စံကွက်ရိတ်သိမ်းခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာ ဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပိုင်ကျုံမြို့တွင် မဲစာရင်းများပြည့်စုံမှန်ကန်စေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့များမှ နိုဝင်ဘာ လ (၂၇) ရက်မှ စတင်ကာ အိမ်တိုင်ရာရောက် ကွင်းဆင်းစာရင်းတိုက်ဆိုင်စစ်ဆေးကြကြောင်း သိရသည်။

ကော့ကရိတ်မြို့တွင်  ဒို့အတူတူမဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်ကို ယနေ့နံနက်ပိုင်းက ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာနေရာတို့တွင် ပြန်ဆက်ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့၌ ဒို့အတူ မဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး ရည်ရွယ်ချက်ဖြင့် ဒို့အတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များအား ယမန်နေ့နံနက် ၁၀ နာရီက လူစည်ကားရာနေရာများနှင့် ရက်ကွက်များအတွင်းသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်