ကရင်ပြည်နယ်

မြဝတီမြို့၌ သဘာဝဘေး အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ ပစ္စည်း၊ ယန္တရား) စုဖွဲ့မှုနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး သဘာဝဘေးအရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ပစ္စည်း၊ယန္တရား) စုဖွဲ့မှုဖြင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်ဘောလုံးကွင်းနှင့် သောင်ရင်းမြစ်ကမ်းဘေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး လှိုင်းဘွဲမြို့နယ်၊ ကြာအင်းခေတ်မီစံပြကျေးရွာ အထက်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းခေတ်မီစံပြကျေးရွာ အထက်တန်းကျောင်း၏ (၃၆၀ပေ x ၃၁ပေ) ပညာချစ်သူ RCC သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေး ဝန်ကြီးဌာနသို့လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းဆောင်သစ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက် အားပေးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ “ကမ္ဘာ့တစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြည့် ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာ ကျောင်းပေါင်းစုံတို့ပူးပေါင်း၍ “ကမ္ဘာ့တစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြည့် ဆောင်ရွက်ပေး” (Ending Plastic Pollution Glibally) ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသတွင် အိမ်ခြံဝင်းအတွင်း ငရုတ်ကောင်းပင်များ တစ်နိုင်တစ်ပိုင်တိုး၍ စိုက်ပျိုး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိသားစုစားသုံးရန်နှင့် အပိုဝင်ငွေရရှိစေရန် မိမိတို့၏ အိမ်ခြံဝင်းများအတွင်းတွင် ငရုတ်ကောင်းပင်များ တစ်နိုင်တစ်ပိုင် တိုး၍ စိုက်ပျိုးလာလျက်ရှိကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်တွင် ပဲတောင့်ရှည်များအားစီးပွားဖြစ်စိုက်ပျိုး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့၊  ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်အတွင်းရှိဒေ သခံများအနေဖြင့် မြေအောက်ရေကို စနစ်တကျအသုံးပြု၍ ဟင်းသီးဟင်းရွက်  သီးနှံမျိုးစုံကို နွေ၊ မိုး၊ ဆောင်း ရာသီမရွေး စိုက်ပျိုးလုပ်ကိုင်ကြရာ မိသားစုစားနပ်ရိက္ခာဖူလုံမှုရှိသည့်အပြင် အပိုဝင်ငွေရရှိ ကြောင်းသိရသည်။

မြဝတီမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ ဇွန်လ ၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နေ့လယ် ၁၄:၀၀ နာရီတွင် ရေပူစမ်းကျေးရွာ၊ ဆွမ်းလောင်းဓမ္မာရုံ၌ ကျင်းပသည်။

လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်ပြိုင်ပွဲများ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးငယ်များ လူအများရှေ့တွင် ပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲများ ကျင်းပပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့သည်။

လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ ဒေသအတွင်း လူငယ်များစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် စာဖတ်ဝိုင်းများကို လစဉ်ကျင်းပပေးလျက်ရှိရာ စာရေးဆရာ ကလောင်စုံရေး သားထားသော ကမ်းလက်များ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

မြဝတီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး တိုးမြှင့်ဆောင်ရွက်

ကရင်ပြည်နယ်၊  မြဝတီမြို့နယ်အတွင်း  လမ်းအသုံးပြုသူ   မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ် မောင်းနှင်သူများအား မော်တော်ယာဉ် နည်းဥပဒေ/ ဥပဒေပါ သတ်မှတ်ပြဌာန်းချက်များအတိုင်း တိကျစွာ လိုက်နာမှုရှိစေရေး အသိပညာပေး  စစ်ဆေးဆောင်ရွက်ခြင်းကို  မေလ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီက အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်လမ်းမကြီး ဘုရားကြီးကျောင်းရှေ့နှင့် မြို့နယ် အကောက် ခွန်ဦးစီးဌာနရုံးရှေ့တို့၌ ဆောင်ရွက်ခဲ့သည်။          

ဘားအံမြို့ သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီးတည်ဆောက်ပြီးစီးရေး တတိယအကြိမ် အလှူငွေ ပေးအပ်လှူဒါန်း

ဘားအံမြို့၊ ကျက်သရေဆောင်ကြာအင်းတောင်ခြေတွင် တည်ဆောက်လျက်ရှိသော သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး (၄) ထပ်အဆောက်အဦ တည်ဆောက်ပြီးစီးရေးအတွက် တတိယအကြိမ် အလှူငွေပေးအပ်ပွဲကို မေလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါဗိမ္မာန်တော်ကြီး၏ မြေညီထပ်၌ ကျင်းပသည်။
Subscribe to ကရင်ပြည်နယ်