ဘားအံမြို့ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်း ပေးအပ်ပွဲ ကျင်းပ
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် တိုးပွားလာသော ကျောင်းသားဦးရေနှင့်အညီ သင်ကြားရေးအဆင်ပြေစေရန် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေ (၄၆၀ ဒဿမ ၆၅၅) သန်းဖြင့် Phyoe Htet And Associates ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်သော (၁၄၀ x ၃၀) ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို မေလ ၂၈ ရက်နေ့ နံနက် ၈ နာရီက အဆိုပါ ကျောင်းဆောင်သစ်ရှေ့ ၌ ကျင်းပသည်။