ကရင်ပြည်နယ်

လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးငယ်များအား ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန် ယနေ့နံနက် ၉ နာရီမှစတင်၍ လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို အမှတ် (၄) ရပ်ကွက်ရှိ တိုက်နယ် ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယုဇနလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းနှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

ကရင်ပြည်နယ် ဘားအံမြို့နယ် ထုံးအိုင်စံပြကျေးရွာ ယုဇနလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း(လီမိတက်)၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီက ထုံးအိုင်စံပြကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

ကရင်ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီလုပ်ငန်းညှိနှိုင်း 

ကရင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏(၆/၂၀၂၅)လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

မြဝတီမြို့နယ်တွင် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည့် ပါတီဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူမဲ ပေးကြမယ် ”လက်ကမ်းစာစောင်ကို ယနေ့မွန်းလွဲ (၂) နာရီ၌ အမှတ် (၄) ရပ်ကွက်ရှိ ပြည်သူများနှင့် လူစည်ကားရာနေရာများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့တွင် ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ ဘားအံမြို့ခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်းဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်ကို ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့တွင် ဒို့အတူ မဲပေးကြမယ် လက်ကမ်းစာစောင် ဖြန့်ဝေ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံသားတိုင်းမဲပေး ပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး ရည်ရွယ်ချက်ဖြင့် ဒို့အတူမဲပေးကြမယ် လက်ကမ်းစာစောင်များအား ယနေ့နံနက် ၁၀ နာရီက လူအများသွားလာရာ လမ်းမများနှင့် ရက်ကွက်များအတွင်းသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည့် ပါတီဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်ကို ယနေ့မွန်းလွဲ (၁) နာရီ၌ ရပ်ကွက် (၄) လမ်းဆုံ၊ ဈေးဆိုင်များ၊ လူသွားလူလာများသောနေရာများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဘားအံမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်ကို ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ရပ်ကွက်နေပြည်သူများ၊ ဈေးဆိုင်များနှင့် ရပ်ကွက်ကော်မရှင်ရုံးများတွင်  ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ၌ “အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့” အထိမ်းအမှတ် ပြိုင်ပွဲများပြုလုပ်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင်ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ဒီဇင်ဘာ ၂ ရက်နေ့ နံနက်  ၁၀ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေး တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေးအပြည့်အဝရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားတိုင်းမှ အမျိုးသားရေး တာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် သံတောင်ကြီးမြို့ ရပ်ကွက်(၄) ရပ်ကွက်(၅)နှင့် လိပ်သိုမြို့ ရပ်ကွက်(၁)တို့တွင် ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းတွင်လည်း အိမ်တိုင်ရာအရောက် တစ်အိမ်တက်ဆင်း၍ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ကြကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်