ကရင်ပြည်နယ်

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့်စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ သန်းထွန်း(စကု) ရေးသားသော “အရှက်နှင့် ကိုယ်ကျင့်သိက္ခာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီခရိုင်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆွေးနွေးပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၌ အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်း ဆွေးနွေးပွဲကို မေလ ၁၈ ရက်နေ့ နံနက် ၉ နာရီက အမှတ် (၅) ရပ်ကွက်ရှိ အမှတ် (၃) ခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးနံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ သူများ အသိပညာဗဟုသုတရှာဖွေရန် စာအုပ်/ စာစောင်များ လာရောက်ငှားရမ်းဖတ်ရှု

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် နွေရာသီအားလပ်ရက်၌ ပြင်ပဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်စာပေများ စိတ်ပါဝင်စားစွာ လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိနေကြောင်း သိရသည်။

လှိုင်းဘွဲမြို့၌  အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် ဆွေးနွေးပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်း ကျောင်း ပန်းဝတ်မှုံခန်းမ၌ ကျင်းပရာ မြို့နယ်ပညာရေးမှူး ဦးစောခင်းစလေက အခြေခံပညာအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၃) (၅/၂၀၂၅) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၃) (၅/၂၀၂၅) သို့ တက်ရောက်ရန် ဘားအံမြို့၊ နယ်မြေခံသင်တန်း ကျောင်းတွင်ရောက်ရှိနေသော ကရင်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်း ရတနာများအား မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အမှတ် (၂၂) ခြေလျင်တပ်မဌာနချုပ် တပ်မမှူးနှင့်တာဝန် ရှိသူများ သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုအား ကြည့်ရှုအားပေး

ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့ကို သန့်ရှင်သာယာလှပသော အစိမ်းရောင်ခရီးသွားမြို့တော် ဖြစ်စေရေး အပတ်စဉ်စနေနေ့များတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မကြာမီကာလအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာကျောင်းများ၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်/ ကျေးရွာနေပြည်သူများပူးပေါင်း၍ စုပေါင်းသန့် ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ် ကော့ကရက်ကျွန်းနှင့် ကော့လုံကျွန်းတို့တွင် စားဖိုဆောင်သီးနှံစိုက်ပျိုးကြသူများ နေ့စဉ်ဝင်ငွေကောင်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် အနောက်ဘက် သံလွင်မြစ်အတွင်း၌ရှိကြသော ကော့ကရက်ကျွန်းနှင့် ကော့လုံကျွန်းတို့တွင် စိုက်ပျိုးရေးလုပ်ကိုင်နေကြသောတောင်သူများအနေဖြင့်  စားဖိုဆောင် သီးနှံများကို အားထားစိုက်ပျိုးလုပ်ကိုင်နေလျက်ရှိပြီး အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် ကြံ၊ ပဲတီစိမ်း၊ ပဲပုပ်၊နှမ်း နှင့်မြေပဲစသည့် သီးနှံများကိုလည်း တစ်နိုင်တစ်ပိုင် စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြ သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့၊ ခရီးစဉ်ဒေသများရေရှည်တည်တံ့ရေးနှင့် ခရီးသွားဧည့်သည် ပိုမိုဝင်ရောက်နိုင်ရေး ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အတွင်း ရာသီမရွေးလည်ပတ်သွားလာနိုင်သော ခရီးစဉ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လည်ပတ်နိုင်ရေးအတွက် ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဘားအံမြို့ ပတ်ဝန်းကျင်ရှိ ဗုဒ္ဓဂယာခရီးစဉ်ဒေသနှင့်ဣစ္ဆာသယဂူတို့အား လည်ပတ်ကြည့်ရှု၍ တာဝန်ရှိသူများအား လိုအပ်သည် များမှာကြားခဲ့သည်။

ပိုင်ကျုံမြို့တွင် ခြင်ပေါက်ဖွားမှုနှုန်း လျှော့နည်းစေရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အမှတ်(၂) ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များတွင် ခြင်ပေါက်ဖွားမှုနှုန်း လျှော့နည်းစေရေးအတွက် ယနေ့နံနက် ၉း၃၀ နာရီ အချိန်က ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်