လှိုင်းဘွဲမြို့နယ်၌ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းသင်တန်းဆင်း
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပသော အသေး စားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုး ရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်း(ပထမအကြိမ်)နှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(ဒုတိယအကြိမ်) သင်တန်းဆင်းပွဲကို လှိုင်းဘွဲမြို့နယ် အောက်ရေပူကျေးရွာ၊ ရေပူကျောင်းကြီး ဓမ္မာရုံ၌ ကျင်းပသည်။