ထန်တလန်မြို့၌ Quarantine ထားရှိသောနေရပ်ပြန်များနှင့် Quarantine နေရာတွင် တာဝန်ကျ ကျန်းမာရေး အဖွဲ့ဝင်များအတွက် ကျပ်(၅)သိန်း ပေးအပ်လှူဒါန်း
ချင်းပြည်နယ်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် Quarantineထားရှိသော နေရပ်ပြန်ပြည်သူများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးနေသည့် လုံခြုံရေးတာဝန်ကျ ကျန်းမာရေး အဖွဲ့ဝင်များအတွက် Presbyterian Church Of Myanmar က ယနေ့မွန်းလွဲ၁ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ငွေကျပ်၅သိန်းပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်ကလက်ခံရယူခဲ့ကြောင်းသိရသည်။