လိုင်လင်းပီမြို့ တိုက်နယ်ဆေးရုံအတွက် ပရိဘောဂပစ္စည်းများနှင့် မီးစက် (၁)လုံး အလှူရှင်များစုပေါင်းလှူဒါန်း
ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့တိုက်နယ်ဆေးရုံအတွက် ပြည်တွင်း/ပအလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် စုစုပေါင်းငွေ ကျပ်-ဆယ့်နှစ်သိန်း တန်ဖိုးရှိ ဆေးစတိုခန်းအတွက်ဗီရို (၁) လုံး၊ YAMABISI EC 4800 DXE မီးစက် (၁)လုံးနှင့် ပြင်ပလူနာဌာနအတွက် လေးယောက်ထိုင် စတီးထိုင်ခုံ(၅)တန်းလှူဒါန်းခြင်းကို အဆိုပါတိုက်နယ် ဆေးရုံ၌ ယနေ့နံနက် (၉) နာရီခွဲအချိန်ခန့်က ပြုလုပ်ကြသည်။