ခိုင်ကမ်း၌ မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တင်ဒါအောင် ကုမ္ပဏီမှ အလုပ်သမားများအား အသွားအလာ ကန့်သတ်ထားရှိ
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့၊ မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေကျပ်(၁၀)သန်းအထက် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် Nat Mauk Hlwan Moe ကုမ္ပဏီမှ တင်ဒါအောင် လုပ်ငန်းများ လုပ်ကိုင်ရန် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှ လာရောက်ကြသည့် အလုပ်သမားခေါင်းဆောင်နှင့် အလုပ်သမား မိသားစုအဖွဲ့ ကလေးငယ်(၂)ဦး၊ အမျိုးသား(၉)ဦး၊ အမျိုးသမီး(၉)ဦး စုစုပေါင်း(၂၀)ဦးတို့အား ယမန်နေ့က ခိုင်ကမ်းမြို့ စည်ပင်ဈေး Community Based Facility Quarantine Centre တွင် အသွားအလာ ကန့်သတ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။