ဟားခါး၌ စိုက်ပျိုးရေးဦးစီးဌာနမှ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်နည်းနှင့် စပါးအထွက်တိုးခြင်းဆိုင်ရာ နည်းပညာပေးသင်တန်း သင်ကြားပို့ချပေး
စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း (The New Normal) လိုက်နာလျက် လယ်ယာကဏ္ဍလုပ်ငန်းများတွင် အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်နည်း၊ စပါးတိုက်ရိုက် အစေ့ချနည်း၊ စပါးဆိုင်ရာ အခက်အခဲများ ဖြေရှင်းနည်း၊ စပါးပင်၏ ရုပ်သွင်ပြင်လက္ခဏာနှင့် စပါးအထွက်တိုးခြင်း ဆိုင်ရာနည်းပညာပေး သင်တန်းကို ယနေ့တွင် Online မှ တစ်ဆင့် IT နည်းပညာအသုံးပြု၍ ပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။